Western swing

မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။

Western Swing ဂီတသည် အမေရိကန် country ဂီတ၏မျိုးခွဲ အမျိုးအစားဖြစ်ပြီး ၁၉၂၀ နောက်ပိုင်းတွင် အနောက်နှင့် တောင်ပိုင်းဒေသတွေထဲမှ အနောက်ဘက်ကြိုးတပ်တီးဝိုင်းများထဲတွင် စတင်ခဲ့သည်။ အကဂီတတစ်မျိုးဖြစ်ပြီး မြန်သောတီးလုံးများပါရှိသည်။ ၁၉၃၀နှင့် ၁၉၄၀အတောအတွင်း Texas, Oklahomaနှင့် carlifornia ရှိဟော်ခန်းနှင့် ကလပ်များ၌ ကြီးမားသောလူအုပ်များကို စွဲဆောင်ခဲ့သည်။ ရွှေ့လျားမှုသည် Jazz ဂီတ၏ကြီးထွားမှုဖြင့် စတင်ခဲ့သည်။ gypsy jazzနှင့် ဆင်တူသည်။ ဂီတသည် rural, cowboy, polka,folk, Dixieland jazzနှင့် blues များကို ပေါင်းစပ်ထားသည်။ ကြိုးတီးဝိုင်းများသည် ဒရမ်၊ saxophones, စန္ဒယားနှင့် စတီးဂီတာများပါဝင်သည်။ စတီးဂီတာများသည် ထူးခြားသော အသံကို ပေးစွမ်းနိုင်သည်။ တစ်နိုင်ငံလုံးရှိ big swing တီးဝိုင်းများကြောင့် western swing သည် ကွဲပြားသည်။ အနောက်တိုင်းတီးဝိုင်းများသည် တီးလုံး တီးကွက်၊ အဆိုနှင့် အခြားတူရိယာများသည် တယော၏ဦးဆောင်မှုနောက်သို့ လိုက်သည်။ ထို့ပြင် ထိုတီးဝိုင်းများသည် တစ်ကိုယ်တော်ဖျော်ဖြေကြပြီး လက်တန်းစပ်ကြသည်။ Western swing ကျော်ကြားနေချိန်တွင် အရေးပါသောအုပ်စုများမှာ The Light Crust Doughboys, Bob Willsand The Texas Playboys, Milton Brown and His Musical Brownies, Spade Cooley and His Orchestra နှင့် Hank Thompson And His Brazo Valley Boys တို့ပါဝင်သည်။ ခေတ်ပြိုင်အုပ်စုများတွင် Asleep at the Wheel နှင့် Hot Clubo of Cowtown.


© MMXXIII Rich X Search. We shall prevail. All rights reserved. Rich X Search